Myanmar Women League 2025-26 အမှတ်ပေးဘော လုံးပြိုင်ပွဲ (Week-4)ပွဲစဉ်များအပြီးတွင် လက်ရှိချန်ပီယံ I.S.P E အသင်းသည် ရမှတ်(၄)မှတ်ဖြင့်သာ ဆက်လက်ရပ်တည်နေရသည်ကို တွေ့ရသည်။Week-3 ပွဲစဉ်အပြီးတွင်လည်း ရမှတ် (၄)မှတ်ဖြစ် အုပ်စုအဆင့် (၅)နေရာတွင် ရပ်တည်နေရာမှ ယခုတွင် အုပ်စုအဆင့် (၆)သို့ ထပ်မံကျဆင်းခဲ့ရခြင်းဖြစ်သည်။Myanmar Women League 2025-26 ပြိုင်ပွဲ Week -1 မှ Week- 4 ပွဲစဉ်များ ပြီးဆုံးချိန်အထိ ဧရာဝတီနှင့် သစ္စာအားမာန် အမျိုးသမီးဘောလုံးအသင်းတို့မှာ ရမှတ်(၁၀)မှတ်စီဖြင့် အမှတ်ပေးဇယားထိပ်ဆုံးနေရာတွင် ရပ်တည်နေကြသည်။ထို့အတူ ရန်ကုန်ယူနိက်တက် အသင်းမှာရမှတ်(၉)မှတ်နှင့် Young Lionesses အမျိုးသမီးအသင်းတို့မှာ ရမှတ်(၆)မှတ်ဖြင့် အဆင့် (၃)နှင့် (၄)နေရာတွင် ရပ်တည်နေကြသည်။

May 09 • 11:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 22 | 0 | 0 | 0 |


