ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲအတော်တန်ကြာ ငြိမ်သက်ပြီဖြစ်၍ ဒေသခံများနေရပ်ပြန်လာနေထိုင်ကြပြီး ရွာပတ်ပတ်လည်တွင် မြေမြုပ်မိုင်းအများအပြား ထောင်ထားကြောင်း သိရသည်။ဒေသခံများသည် တိုက်ပွဲများကြောင့် ယခင်နှစ်ကတည်းကပင် သီးနှံမစိုက်ပျိုးရသဖြင့် ယခုချိန်တွင် စားဝတ်နေရေးအတွက် အဆင်မပြေဖြစ်နေကြကြောင်း သိရသည်။



