back

ရုရှားနှင့် တရုတ်တို့ ဒုတိယကမ္ဘာစစ် အောင်ပွဲ အမှတ်ရအောင်ပွဲပြုလုပ်နေသော်လည်း ယူကရိန်းနှင့်စစ်ပွဲမှာ ကြန့်ကြာနေ

May 09 • 10:27 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရုရှားနှင့် တရုတ်တို့ ဒုတိယကမ္ဘာစစ် အောင်ပွဲ အမှတ်ရအောင်ပွဲပြုလုပ်နေသော်လည်း ယူကရိန်းနှင့်စစ်ပွဲမှာ ကြန့်ကြာနေ

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ယနေ့ (မေ ၉ ရက်) တွင် နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံ၏ အောင်ပွဲရရှိခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပလျက်ရှိသည်။ သမ္မတ ဗလာ...

ရုရှားနှင့် တရုတ်နိုင်ငံတို့သည် ယနေ့ (မေ ၉ ရက်) တွင် နာဇီဂျာမနီကို ဆိုဗီယက်ယူနီယံ၏ အောင်ပွဲရရှိခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ပွဲကို ကျင်းပလျက်ရှိသည်။ သမ္မတ ဗလာဒီမာ ပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် မော်စကိုမြို့၌ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပူတင်က ဒုတိယကမ္ဘာစစ်တွင် ဆိုဗီယက်ယူနီယံ၏ အဆုံးအဖြတ်ပေးနိုင်ခဲ့သော အခန်းကဏ္ဍကို လျှော့တွက်ရန် ကြိုးပမ်းမှုများကို ရုရှားက ဘယ်သောအခါမျှ လက်ခံမည်မဟုတ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သို့သော်လည်း အနောက်မဟာမိတ်များ၏ ပါဝင်မှုကိုလည်း အသိအမှတ်ပြုကြောင်း ၎င်းက ဆိုသည်။ တစ်ချိန်တည်းတွင်ပင် သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သော ယူကရိန်းစစ်ပွဲမှာလည်း ဆက်လက် ကြန့်ကြာနေဆဲဖြစ်သည်။ ရင်ပြင်နီ၌ ပြုလုပ်သော စစ်ရေးပြအခမ်းအနားတွင် ဒရုန်းများအပါအဝင် တပ်သား ၁၁,၀၀၀ ပါဝင်ချီတက်ခဲ့ကြောင်း သိရသည်။

news-view-count-icon

13