တရုတ်နှင့်ကမ္ဘောဒီးယားလက်နက်ကိုင်တပ်ဖွဲ့များသည် မေလအလယ်ပိုင်းမှ အနှောင်းပိုင်းအထိ ကမ္ဘောဒီးယား၌ ပူးတွဲစစ်ရေးလေ့ကျင့်မှု များကိုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူက မေလ(၉) ရက် ကြာသပတေးနေ့က ပြောကြားခဲ့သည်။ Golden Dragon 2025 ဟုအမည်ပေးထားသည့် အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေး၊ လူသားချင်းစာနာမှုအကူအညီနှင့်သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေးဆောင်ရွက်မှုများကို အဓိကထားလုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အဆိုပါစစ်ရေးလေ့ကျင့်မှုကို ကုန်းပေါ်တွင်သာမက လေကြောင်းနှင့်ရေကြောင်းနယ်ပယ်များတွင် ပါလေ့ကျင့်သွားမည်ဖြစ်ပြီး တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြား၌ ယဉ်ကျေးမှုနှင့်အားကစားဆိုင်ရာဖလှယ်မှုများကိုပါလုပ်ဆောင်သွားမည်ဟုလည်း သူက ပြောကြားခဲ့သည်။
| 13 | 0 | 0 | 0 |


