သီရိလင်္ကာလေတပ်မှ စစ်ဘက်ရဟတ်ယာဉ်တစ်စင်း ယနေ့နံနက်ပိုင်းက လေ့ကျင့်ရေးပြုလုပ်နေစဉ် သီရိလင်္ကာလေတပ်၏ အမှတ် (၇) တပ်ဖွဲ့မှ အသုံးပြုသော ဘဲလ် ၂၁၂ (Bell 212) ရဟတ်ယာဉ်သည် မဒူရူအိုယာရေလှောင်တမံအတွင်းသို့ ပျက်ကျခဲ့ရာက လုံခြုံရေးတပ်ဖွဲ့ဝင် အနည်းဆုံး ၆ ဦး သေဆုံးခဲ့သည်။ အဆိုပါဖြစ်ရပ်သည် သီရိလင်္ကာနိုင်ငံအရှေ့ပိုင်းရှိ မဒူရူအိုယာ အထူးတပ်ဖွဲ့ လေ့ကျင့်ရေးကျောင်း၌ ပြုလုပ်သော သင်တန်းဆင်းပွဲနှင့် ပူးတွဲကျင်းပသည့် လေ့ကျင့်ရေးလုပ်ငန်းစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကနဦး ရရှိထားသော သတင်းများအရ သီရိလင်္ကာလေတပ်မှ လေယာဉ်မှူး ၂ ဦးနှင့် သီရိလင်္ကာလေတပ်နှင့် စစ်တပ် အထူးတပ်ဖွဲ့ဝင်များအပါအဝင် လူ ၁၂ ဦး ရဟတ်ယာဉ်ပေါ်တွင် လိုက်ပါခဲ့သည်။
May 09 • 10:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 10 | 0 | 0 | 0 |


