back

Xiaomi SU7 Ultra ၏ အလှဆင် နှာခေါင်းပေါက်သည် လေခွင်းအားကို မသက်ရောက်

May 09 • 10:14 AM

breaking-news

မြန်မာ

ပြည်ပ

cover

Xiaomi SU7 Ultra ၏ အလှဆင် နှာခေါင်းပေါက်သည် လေခွင်းအားကို မသက်ရောက်

Xiaomi တည်ထောင်သူ Lei Jun သည် ယခုနှစ် နှစ်သစ်ကူးအကြို တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း Xiaomi SU7 Ultra လျှပ်စစ်ကားအတွက်နှာခေါင်းပေါက် နှစ်ပေါက်ပါသည့်ရှေ့ဖုံးကို စ...

Xiaomi တည်ထောင်သူ Lei Jun သည် ယခုနှစ် နှစ်သစ်ကူးအကြို တိုက်ရိုက်ထုတ်လွှင့်မှုအတွင်း Xiaomi SU7 Ultra လျှပ်စစ်ကားအတွက်နှာခေါင်းပေါက် နှစ်ပေါက်ပါသည့်ရှေ့ဖုံးကို စီစဉ်ထားကြောင်းကြေညာခဲ့ရာ ပရိသတ်များကအားပေးထောက်ခံခဲ့ကြသည်။ သို့သော် SU7 Ultra တွင် အဆိုပါ နှာခေါင်းပေါက်ပါသည့် ရှေ့ဖုံးကို ထည့်သွင်းလိုပါက ယွမ် ၄၂,၀၀၀ (အမေရိကန်ဒေါ်လာ ၅,၈၀၀) ထပ်ဆောင်းပေးချေရမည်ဖြစ်သည်။ အမြင်အားဖြင့် လေတိုးသည့်အခါ နှာခေါင်းပေါက်များထဲသို့ လေများ ဝင်ရောက်ပြီး လေခွင်းအား ပိုမိုကောင်းမွန်လာမည်ဟု ယူဆနိုင်သော်လည်း လက်တွေ့တွင် လေဝင်ရန်အတွက် အပေါက်များ ပါဝင်ခြင်းမရှိဘဲ အလှဆင်သက်သက်သာ ဖြစ်ကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် အဆိုပါ ရှေ့ဖုံးသည် ကား၏ လေခွင်းအားကို တိုးတက်စေခြင်း မရှိပေ။ နှိုင်းယှဉ်ကြည့်လျှင် Ferrari နှင့် Porsche ကဲ့သို့သော အခြား အဆင့်မြင့်ကားများတွင် ပါဝင်သည့် နှာခေါင်းပေါက်များသည် တကယ်တမ်း အလုပ်လုပ်ကြသည်။ ၎င်းတို့သည် လေခွင်းအားကို ကောင်းမွန်စေသည့်အပြင် ကားကို မြေပြင်နှင့် ကပ်လျက် တည်ငြိမ်စေရန်နှင့် အင်ဂျင်ကို အေးမြစေရန်အတွက်လည်း အထောက်အကူပြုသည်။

news-view-count-icon

11