ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေအနေ အပါအဝင် ဥရောပနှင့် ဆက်ဆံရေး မြင့်တက်လာသည့်အပေါ် မူတည် ပြီး ယူကရိန်းသည် နိုင်ငံသုံးငွေဖြစ်သည့် ယူကရိန်း ဟီရီဗင်းညား (Ukrainian hryvnia) ငွေကြေးကို အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်မှုမှ ယူရိုငွေနှင့် ပြောင်းလဲ ချိတ်ဆက်ရန် စဉ်းစားနေကြောင်း ယူကရိန်းဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အန်ဒရီ ပိုက်ရှ်နီ (Andriy Pyshnyi) က ပြောကြားခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။ ဥရောသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ ဖြစ်လာနိုင်ခြေရှိသည့် ယူကရိန်းသည် ကမ္ဘာလုံးဆိုင်ရာ ကျိုးပျက်လွယ်သည့် စျေးကွက် များအတွင်း ဥရောပ၏ အခန်းကဏ္ဍကို မြှင့်တင်နေသလို ရေရာမှုမရှိသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး အခြေအနေများကြောင့် ကုန်သွယ်မှုတွင် ဒေါ်လာအစား ယူရိုငွေကြေးကို ပြောင်းလဲသုံးစွဲရန် စဉ်းစားရသော အခြေအနေသို့ ရောက်ရှိစေခဲ့သည်ဟု ၎င်းက ဆိုသည်။
| 8 | 0 | 0 | 0 |


