back

ပါကစ္စတန် တိုက်လေယာဉ်သုံးစီးအား အိန္ဒိယလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ဟု ပြောကြား

May 09 • 10:11 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပါကစ္စတန် တိုက်လေယာဉ်သုံးစီးအား အိန္ဒိယလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချခဲ့ဟု ပြောကြား

မေလ ၇ ရက် နံနက်အစောပိုင်းက စတင်ခဲ့တဲ့ တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြားစစ်ပွဲဟာ ဆက်လက်အရှိန်မြင့်လာတာနဲ့အမျှ ဒုတိယနေ့ဖြစ်တဲ့ မေလ ၈ ရက်မှာလည်း ပါကစ္စတန်လေတပ...

မေလ ၇ ရက် နံနက်အစောပိုင်းက စတင်ခဲ့တဲ့ တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံအကြားစစ်ပွဲဟာ ဆက်လက်အရှိန်မြင့်လာတာနဲ့အမျှ ဒုတိယနေ့ဖြစ်တဲ့ မေလ ၈ ရက်မှာလည်း ပါကစ္စတန်လေတပ်က အိန္ဒိယနိုင်ငံအတွင်း ဒုံးကျည်နဲ့မောင်းသူမဲ့လေယာဉ်တိုက်ခိုက်မှုတွေ ပိုမိုပြုလုပ်လာပါတယ်။ အိန္ဒိယနိုင်ငံ သတင်းအရင်းအမြစ်တွေက အိန္ဒိယအနေနဲ့ ပါကစ္စတန်ရဲ့တိုက်ခိုက်မှုတွေကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး ပါကစ္စတန်ရဲ့ F-16 လေယာဉ်တစ်စီးနဲ့ JF-17 လေယာဉ်နှစ်စီးကို ဂျမ်မူးမြို့မှာ မေလ ၈ ရက်ညပိုင်းက ပစ်ချခဲ့တယ်လို့ပြောခဲ့ကြပါတယ်။

news-view-count-icon

8