ရှမ်းပြည်နယ်(တောင်ပိုင်း)ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကျင်းပသော ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို တောင်ကြီးမြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံးတွင် မေလ(၈)ရက်နေ့က ကျင်းပခဲ့ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦညီညီနှင့် ကော်မတီ၀င်များ၊ တောင်ကြီး ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များ၊ တောင်ကြီးမြို့နယ်ကြက်ခြေနီ အသင်းခွဲနှင့် တက္ကသိုလ်/ ကောလိပ်ကြက်ခြေနီ အသင်းခွဲ အမှုဆောင်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ကြက်ခြေနီစေတနာ လုပ်အားရှင်များ တက်ရောက်ခဲ့ပြီး လုပ်သက်(၃၀)နှစ်ပြည့်နှင့် လုပ်သက် (၁၅) နှစ် ပြည့် ကြက်ခြေနီ တပ်ဖွဲ့၀င်များအား ဂုဏ်ပြုဆုနှင့် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်ခဲ့ပါတယ်။



