ရှမ်း - ကရင်နီ နယ်စပ် မိုးဗြဲမြို့အနီးရှိ လယ်ရေသွင်းဆည်မြောင်းအတွင်း ငါးတွေအစုအလိုက်အပြုံလိုက်သေပြီးနောက်ပိုင်း ဆည်မြောင်းဘောင်တစ်လျှောက် နေထိုင်ကြတဲ့ လူ၊ဒေသခံတွေအတွက် သောက်ရေ အခက်ကြုံနေရကာ" ငါးတွေမသေခင်က ဆည်မြောင်းကရေကို သုံးလို့ ရတယ် ၊ သောက်လို့ရတယ် ။ အခုက သုံးရေအတွက်က နန်းဖဲချောင်းရေက အဆင်ပြေပေမယ့် သောက်ရေအတွက် ခက်ခဲနေပါတယ် ။ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းကစပြီး မိုးဗြဲရေကာတာမှ ရေပိုလွှဲ တစ်ခုဖြစ်တဲ့ လက်ဝဲမြောင်းလို့ခေါ်တဲ့ ဆည်မြောင်းထဲမှာ ငါးတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ပြီးအဲ့ဒီငါးတွေကို စားမိသူတွေဟာ လည်ချောင်းယားတာ ၊ ခေါင်းမူးတာနဲ့ အော့အန်တာတို့ ဖြစ်ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ အလျားအရှည် (၄) မိုင်ခန့် ရှားလျားတဲ့ ဆည်မြောင်းပေါ်မှာ မိုးဗြဲေဒသခံမိသားစု ၂၀ ခန့် နေထိုင်ကြပြီး လတ်တလောမှာ ငါးသေပုတ်အနံ့ဆိုးကို ခံစားနေကြရပါတယ်။



