ယခုနှစ်ရဲ့ ပြည်ထောင်စုအခွန်ကောက်ဥပဒေအရ အထူးကုန်စည်အမျိုးအစားတွေဖြစ်တဲ့ စီးကရက်၊ ဆေးလိပ်၊ အရက်နဲ့ ဝိုင်အမျိုးမျိုး တို့ကို အခွန်တန်ဖိုးနှုန်းထားတွေတိုးမြှင့်သတ်မှတ်လိုက်ကာဆေးလိပ်နဲ့ အရက်အမျိုးမျိုး အတွက် အခွန်တန်ဖိုးနှုန်းထားတွေကို ပြီးခဲ့တဲ့၂၀၂၄ခုနှစ်ကထက် အခု၂၀၂၅ခုနှစ်မှာ အနည်းဆုံးကျပ်ငွေ၂ကျပ်မှ အများဆုံးကျပ်ငွေ ၆၀၀ကျော်အထိ အခွန်တန်ဖိုးတိုးမြှင့်သတ်မှတ်လိုက်တာလည်းဖြစ်ပါတယ်။အရက်အမျိုးမျိုးရဲ့ တန်ဖိုးအဆင့်သတ်မှတ်ချက်တွေကိုလည်း တိုးမြှင့် ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် အရက်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၂၀ ကျော်ကနေ အများဆုံး ကျပ် ၅၈၀ ကျော်အထိ တိုးမြှင့်ထားရာဝိုင်အမျိုးမျိုး အပေါ်မှာလည်း တန်ဖိုးသတ်မှတ်ချက်တွေ တိုးမြှင့်ထားပြီး တန်ဖိုးအဆင့်ဆင့်အလိုက် ဝိုင်အမျိုးမျိုး တစ်လီတာကို အနည်းဆုံး ကျပ် ၃၀ ကျော်ကနေ အများဆုံး ကျပ် ၆၂၀ ကျော်အထိ တိုးမြှင့်လိုက်ကြောင်းသိရပါတယ်။
May 09 • 6:31 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 36 | 0 | 0 | 0 |


