ရန်ကုန်တိုင်းနဲ့ဒေသအချို့မှာ ရက်ပိုင်းအတွင်း မိုးကြီးတော့မှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ရဲ့ခန့်မှန်းချက်အရ သိရပါတယ်။မေလ ၁၄ - ၁၅ - ၁၆ ရက်တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅၅ မီလီမီတာအထက်(၂ လက်မ အထက်)မိုးရွာသွန်းပြီး မိုးများနိုင်မည့်ဒေသတွေ ကတော့ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် မွန်ပြည်နယ်တို့ဖြစ်ပြီးရန်ကုန်တိုင်းအတွင်း မိုးရေချိန် ၃၀ မီလီမီတာမှ ၅၀ မီလီမီတာ နီးပါးအထိ(၁.၂ လက် မှ ၂ လက်မ ကျော်အထိ)မိုးရွာသွန်းနိုင်/မိုးများနိုင်မယ့် မြို့နယ်အချို့မှာ လှည်းကူး၊ ဆင်ဖုံ၊ ကုန်းတလပေါင်၊ ကျောက်တန်းနဲ့ သုံးခွ မြို့နယ်များပါဝင်နိုင်ကြောင်း တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။



