back

ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းပြီး နေရာအချို့၌ မိုးကြီးနိုင်ဟု မိုးဇလမှထုတ်ပြန်

May 09 • 3:51 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယခုရက်ပိုင်းအတွင်း နိုင်ငံတစ်ဝန်း မိုးထစ်ချုန်းရွာသွန်းပြီး နေရာအချို့၌ မိုးကြီးနိုင်ဟု မိုးဇလမှထုတ်ပြန်

လာမည့် မေလ ၁၀ ရက် နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာမိုးရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦး...

လာမည့် မေလ ၁၀ ရက် နေ့မှ ၁၅ ရက်နေ့အတွင်း နိုင်ငံတစ်ဝန်းမှာမိုးရွာသွန်းနိုင်ပြီး အချို့ဒေသများတွင် နေရာ ကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်လာ နိုင် ခြင်း ကြောင့် လည်းကောင်း၊ မုတ်သုံလေဝင်ရောက်လာနိုင်ခြင်းကြောင့်လည်းကောင်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာ ဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားပါတယ်။နေပြည်တော်၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည် နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့ တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်မိုးရွာသွန်းနိုင်ကာမိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီး လက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ကြောင်းလည်း သတိပေးထားပါတယ်။



news-view-count-icon

37