ရှမ်းမြောက် ကိုးကန့် ထိန်းချုပ်ဒေသတချို့တွင် တရုတ်ကြံကုမ္ပဏီများ ဝင်ရောက်လာသည်နှင့်အမျှ ရွှေ့ပြောင်းတောင်ယာလုပ်သူများ မိမိတို့မြေများကို မလုပ်ပဲထားလျှင် သိမ်းခံရနိုင်ခြင်း၊ ဓလေ့ထုံးစံအတိုင်း စိုက်ပျိုးခွင့်နည်းပါးလာခြင်း၊ တိရစ္ဆာန် စားကျက်မြေအပေါင်း ကျဉ်းမြောင်းလာခြင်းတို့ကြောင့် နေထိုင်မှုအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံများကထုတ်ဖော်ကြသည်။



