မွန်ပြည်နယ်၊ ပေါင်မြို့နယ် ဇင်းကျိုက်တောင်ပေါ်တွင် တည်ရှိသော ဇင်းကျိုက်ဆံတော်ရှင် စေတီတော်ကြီးအား ယမန်နေ့ မွန်းလွဲ (၁) နာရီဝန်းကျင်က မိုးကြိုး (၆)ချက်ခခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောကြားသည်။မိုးချုန်းသံနှင့်အတူ လာသော မိုးကြိုးခမှုသည် စေတီတော်မြတ်ကြီး၏ အရှေ့တောင်ထောင့်၊ အင်္ဂါထောင့်ရှိ ပစ္စယာခုံသို့ ထိမှန်ခဲ့ပြီး အုတ်သားများ ဖွာထွက်သွားသည်ဟု သိရသည်။မိုးမရွာ၊ နေရောင်သာကျပ်နေချိန်တွင် ကြိုးခြင်းခံရခြင်းဖြစ်ပြီး၊ ထိုနေရာသည် မကြာခဏမိုးကြိုးထိမှန်နေသည့် နေရာဟောင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက လူမှုကွန်ယက်တွင် ဓာတ်ပုံနှင့်အတူမျှဝေခဲ့သည်။



