back

ပန်တနော်ဖက်မှလာသည့် မြက်ဖျာများ ငလျင်အပြီး နေပြည်တော်မှာ ပိုရောင်းနေရ

May 09 • 12:53 AM

breaking-news

မြန်မာ

နေပြည်တော်

cover

ပန်တနော်ဖက်မှလာသည့် မြက်ဖျာများ ငလျင်အပြီး နေပြည်တော်မှာ ပိုရောင်းနေရ

ငလျင်ကြောင့် အိမ်များပျက်စီးမှုအပေါ်မူတည်ပြီး နေပြည်တော်ဒေသတွင် ပန်းတနော်ဖက်မှလာသည့် မြက်ဖျာများအရောင်းသွက်လာသည်။ ယင်းဖျာများသည် ဈေးနှုန်းချိုသာပြီး ပူတဲ့အချိန်...

ငလျင်ကြောင့် အိမ်များပျက်စီးမှုအပေါ်မူတည်ပြီး နေပြည်တော်ဒေသတွင် ပန်းတနော်ဖက်မှလာသည့် မြက်ဖျာများအရောင်းသွက်လာသည်။ ယင်းဖျာများသည် ဈေးနှုန်းချိုသာပြီး ပူတဲ့အချိန်အေးလည်းအေးသောကြောင့် အသုံးပြုရန်အဆင်ပြေကြောင်း သိရှိရသည်။ ယခင်နှစ်က ၃၀၀၀ ကျပ်ဝန်းကျင်တွင် ရောင်းချခဲ့သော်လည်း ယခုနှစ်တွင် ၅၀၀၀ ကျပ်အထိ ဈေးမြင့်လာပြီးလည်း လူသုံးများနေသည်။ အခြားအမျိုးအစားဖျာများသည် တစ်ချပ် တစ်သောင်းအထက်ဈေးရှိသော်လည်း မြက်ဖျာများသည် အပူသက်သာပြီး အကြမ်းခံနိုင်သောကြောင့် လက်ရှိအခြေအနေအရ လူကြိုက်အများဆုံးဖြစ်နေသည်။


news-view-count-icon

22