back

ရှမ်းပြည်နယ်၊တာချီလိတ်၌ ကျပ် ၁ ဘီလီယံခွဲဖိုးရှိ မူးယစ်ဆေးများနဲ့အတူတရားခံများ ဖမ်းမိ

May 08 • 8:04 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ရှမ်းပြည်နယ်၊တာချီလိတ်၌ ကျပ် ၁ ဘီလီယံခွဲဖိုးရှိ မူးယစ်ဆေးများနဲ့အတူတရားခံများ ဖမ်းမိ

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေလ ၅ ရက် မနက် ၇ နာရီခွဲ အချိန်လောက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို...

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ မေလ ၅ ရက် မနက် ၇ နာရီခွဲ အချိန်လောက်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်မှာ ငွေကျပ် ၁ ဘီလီယံခွဲ ကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊လီလောက်စေး မောင်းနှင်ပြီး လောက်စန် လိုက်ပါလာတဲ့ ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်ကနေ ကာလ တန်ဖိုးငွေ ကျပ် ၁ ဘီလီယံခွဲကျော်တန်ဖိုးရှိတဲ့ အိုက်စ်(မက်သ်အဖက်တမင်း) ၁၉၈ ကီလို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖမ်းဆီးရမိသူတွေကိုတော့ ဥပဒေအရ အရေးယူထားပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူတွေကိုလည်း ဆက်လက် ဖော်ထုတ်နေတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေ သိရပါတယ်၊၊


news-view-count-icon

25