အိန္ဒိယနဲ့ ပါကစ္စတန်တို့ကို ပိုင်းခြားထားတဲ့ ကက်ရှ်မီးယားနယ်စပ်မှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယစစ်တပ်က မေ၈ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ဂျမူးနဲ့ ကက်ရှ်မီးယားရှိ ကပ်ဝါရာ၊ ဘာရာမူလာ၊ ယူရီနဲ့ အက်နူးဒေသတွေက နယ်စပ်ထိန်းချုပ်မျဉ်းတလျှောက်ဖြတ်ပြီး ပါကစ္စတန်ဘက်က လက်နက်ငယ်တွေ၊ အမြောက်တွေနဲ့ ညလုံးပေါက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။နျူကလီးယားလက်နက်ပိုင်ဆိုင်ထားတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား နယ်စပ်တလျှောက်မှာ ပြီးခဲ့တဲ့ ရက်တွေကတည်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး မေ၇ရက်နေ့ကတော့ ပါကစ္စတန်နဲ့ ကက်ရှ်မီးယားဒေသ ပစ်မှတ်တွေကို အိန္ဒိယက ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။



