အင်းလေး ကျေးရွာအချို့ရှိ လူများ အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ

May 08 • 7:19 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

အင်းလေး ကျေးရွာအချို့ရှိ လူများ အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါ စတင်ကြုံနေရ

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အ...

သျှမ်းပြည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် အိမ်သာအခက်အခဲကြောင့် ဝမ်းရောဂါခံစားနေရသူများ များပြားလာနေပြီး ဆရာဝန်နှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသူများထံမှ သတင်းရရှိပါတယ်။ယခု မေလ ပထမပတ်အတွင်း အင်းလေးဒေသအတွင်းရှိ လယ်သစ် (၃) ရွာတွင် လူဦးရေ (၆၀) ကျော်အထိ ဝမ်းရောဂါခံစားလာနေရကြောင်း အချို့အိမ်များတွင် မိသားစုလိုက်ဖြစ်ပွားနေသည့်အတွက် ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြောင်း အင်းလေးဒေသအတွင်း သွားရောက်ကူညီပေးနေသည့် ညောင်ရွှေမြို့မှ အမျိုးသားတစ်ဦးကပြောကာ“အဓိကပြဿနာက ဟိုတလောက မိုးရွာပြီးတော့ ရာသီဥတုပြန်ပူလာတော့ အစားအသောက်တွေ ကြာကြာအထားမခံတဲ့ပြဿနာနဲ့ ယင်လုံအိမ်သာကြောင့် ဖြစ်တာ၊ သောက်ရေအတွက်ကတော့ ရေစစ်ကန်တွေဝယ်ဖို့နေရာတွေရှိနေပြီးလက်ရှိတွင် ဝမ်းရောဂါဖြစ်ပွားသူဦးရေ ၆၀ ဝန်းကျင်ရှိလာသည့်အတွက် ရွာလုံးကျွတ်ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဆေးဝါးကုသမှုများ အလျင်အမြန်လိုအပ်နေပါတယ်။လက်ရှိ လယ်သစ် (၃) ရွာတွင် ဝမ်းရောဂါအတွက် ကုသပေးနေသည့် ဆရာဝန်တစ်ယောက်သာရှိပြီး ဖြစ်ပွားသည့် လူဦးရေများပြားသည့်အတွက် ဓာတ်ဆားနှင့် ဆေးဝါးလိုအပ်ချက်များလည်း ရှိနေပါတယ်။

news-view-count-icon

16