အနုမြူလက်နက်ပိုင်ဆိုင်ထားသည့် အိန္ဒိယနှင့်ပါကစ္စတန် တို့အကြား နယ်စပ်ထိန်းချုပ်မှုမျဉ်းတစ်လျှောက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကို မေလ၇ရက်နေ့က ပြုလုပ်ခဲ့ကြကြောင်းသိရသည်။အိန္ဒိယဘက်မှ "Operation Sindoor" ဟုအမည်ပေးထားသော ဒုံးကျည်ပစ်ခတ်မှုများဖြင့် တိုက်ခိုက်ခဲ့ပြီး နှစ်ပေါင်း (၂၀) အတွင်း အပြင်းထန်ဆုံး တိုက်ခိုက်မှုများ ဖြစ်ပွားလျက်ရှိသည်။ လက်နက်ကြီးပစ်ခတ်မှုများအတွင်း အနည်းဆုံး လူ (၄၃) ဦး သေဆုံးခဲ့ပြီး အိန္ဒိယ၏ ဒုံးကျည်နှင့် နယ်စပ်တစ်လျှောက် ပစ်ခတ်မှုများကြောင့် ပြည်သူ (၃၁) ဦး သေဆုံးကြောင်း ပါကစ္စတန်ဘက်မှထုတ်ပြန်ထားသည်။ အိန္ဒိယဘက်မှလည်း ပါကစ္စတန်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အနည်းဆုံး (၁၂) ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။



