back

ပြည်တွင်းငလျင်ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအတွက် ပြဇာတ်တိုက်ခြင်းများဆောင်ရွက်နေ

May 08 • 6:03 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်းငလျင်ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအတွက် ပြဇာတ်တိုက်ခြင်းများဆောင်ရွက်နေ

ငလျင်ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် ရုပ်ရှင်အစည်းအရုံးမှာပြဇာတ်တိုက်တာ တွေဆောင်ရွက်နေကာအောင်ခေတ်မင်းရုပ်ရှင်ဦးစည်သူအောင်စီစဉ်ပြီးဇာတ်...

ငလျင်ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲဖျော်ဖြေတင်ဆက်နိုင်ဖို့အတွက် ရုပ်ရှင်အစည်းအရုံးမှာပြဇာတ်တိုက်တာ တွေဆောင်ရွက်နေကာအောင်ခေတ်မင်းရုပ်ရှင်ဦးစည်သူအောင်စီစဉ်ပြီးဇာတ်လမ်းဇာတ်ညွှန်းဒါရိုက်တာသန်းထိုက်(ရွှေရိပ်)ရဲ့ ‘အချစ်ဆုံးအပေါင်ဆိုင်တခန်းရပ်ပြဇာတ်’ကို ကျော်ထက်အောင်၊ကျော်ထက်ဇော်‌၊ အေးဝတ်ရည်သောင်း၊ သျှား၊မင်းတော်ဝင်၊သီဟအောင်၊ကိုကိုဦး၊မင်းပိုင်၊အကယ်ဒမီခင်ဇာခြည်ကျော်၊မမဆောင်းတို့ဟာမေလ၄ရက်နေ့ ကရုပ်ရှင်အစည်းအရုံးမှာဇာတ်တိုက်ခဲ့ပါတယ်။ရုပ်ရှင်ဖျော်ဖြေပွဲမှာ ပါဝင်တင်ဆက်ကြမယ့် ရုပ်ရှင်အနုပညာရှင်တွေမှာ- အကယ်ဒမီနေတိုး၊ အကယ်ဒမီခန့်စည်သူ၊ အကယ်ဒမီ ကျော်ကျော်ဗိုလ်၊ အကယ်ဒမီ ထွန်းထွန်း၊ ရဲလေး၊ သားညီ၊ အကယ်ဒမီ အေးချမ်းမောင်၊ စိုင်းစည်တွမ်ခမ်း၊ နက္ခတ်၊ ကျော်ထက်အောင်၊ နေထွဋ်၊ ကျော်ထက်ဇော်၊ မင်းတော်ဝင်၊ ကိုကိုဦး၊ သီဟအောင်၊ နေလင်း၊ မင်းပိုင် အကယ်ဒမီခင်ဇာခြည်ကျော်၊ အေးဝတ်ရည်သောင်း၊ အကယ်ဒမီ ခြူးလေး၊ မမဆောင်း၊ နော်ဖော်အယ်ထား၊ မေပန်းချီ၊ မေလသံစဉ်၊ ဝေလာရီ၊ မြယာ၊ စင်သီယာ နှင့် ကိုလူချောအဖွဲ့၊ မမများအဖွဲ့၊ Life & Dance၊ ရဲရင့်အဖွဲ့အခြားနာမည်ကျော် အနုပညာရှင်များလည်းပါဝင် နိုင်ရန်စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။ ငလျင်ကြီးဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေး ရုပ်ရှင်သဘင်ဂီတရန်ပုံငွေပဒေသာကပွဲမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး မှ ရုပ်ရှင်အနုပညာရှင်များက မေလ ၁၀ရက်နေ့ မှာဖျော််ဖြေတင်ဆက်မှာဖြစ်တယ်လို့ သိရပါတယ်။



news-view-count-icon

37