၂၀၂၅ ခုနှစ်၊ မေလ ၈ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်ထုတ်ပြန်ချက်အရရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့်၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာအနောက် (သို့) အနောက်တောင်၊ တစ်နာရီပင်လယ်မိုင် ၁၀-၁၅ မိုင်၊ တစ်ခါတစ်ရံ ၂၅ မိုင်ဖြစ်ကာလှိုင်းအခြေအနေမှာ-လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ရာလှိုင်းအမြင့်မှာ ၆ ပေမှ ၈ ပေခန့်ဖြစ်ကာရန်ကုန်မှ ရခိုင်ကမ်းရိုးတန်းတစ်လျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်မှာ- နေရာကွက်ကျားမိုးထစ်ချုန်းရွာမည်ဖြစ်ကာအမြင့်တာအားဖြင့်၄ မိုင်၊ မိုးရွာစဉ် ၁ မိုင်ခန့်နဲ့ရေပြင်လေဟာ အနောက် (သို့) အနောက်မြောက်၊ တစ်နာရီပင်လယ်မိုင် ၅-၁၀ မိုင်၊ တစ်ခါတစ်ရံ မိုင် ၂၀ မှ ၂၅ မိုင်ဖြစ်ပြီးလှိုင်းအခြေအနေဟာလှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်ဖြစ်ကာလှိုင်းအမြင့်မှာ ၄ ပေမှ ၈ ပေခန့်ထိဖြစ်ပါတယ်။
May 08 • 4:51 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 24 | 0 | 0 | 0 |


