မန္တလေးမြို့၌ ငလျင်ကြောင့် ပြိုကျပျက်စီးသွားသော အဆောက်အအုံများမှထွက်လာသည့် စွန့်ပစ်ပစ္စည်းပုံများအနီး၌ အဖိုးတန်လက်ဝတ်ရတနာများနှင့် သံတိုသံစများ ရှာဖွေကောက်ယူသူများ တဖြည်းဖြည်းမြှောက်တက်လာနေပြီး အထူးသဖြင့် အောင်မြေသာစံမြို့နယ်တွင် လူကြီးမင်းများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များပါဝင်ကာ တစ်နေ့လျှင် ငွေကျပ် ၂၀,၀၀၀ မှ ၅၀,၀၀၀ ဝန်းကျင် ဝင်ငွေရရှိနေကြသည်ဟု ဒေသခံများကပြောသည်။



