back

ဂူဂျာရတ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လူ ၁၄ ဦးထက်မနည်း သေ‌ဆုံး

May 08 • 4:08 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဂူဂျာရတ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လူ ၁၄ ဦးထက်မနည်း သေ‌ဆုံး

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းမှစ၍ အချိန်အခါမဟုတ် ဖုန်မှုန့်နှင့် မိုးကြိုးမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း...

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်တွင် ယခုသီတင်းပတ်အစောပိုင်းမှစ၍ အချိန်အခါမဟုတ် ဖုန်မှုန့်နှင့် မိုးကြိုးမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် လူ ၁၄ ဦးထက်မနည်း ‌သေဆုံးခဲ့ပြီဖြစ်ကာ မြို့ပေါင်း ၁၀၄ မြို့တွင် ပုံမှန်လှုပ်ရှားသွားလာမှုများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ပြည်နယ်တစ်ခွင်တွင် နောက် ၅ ရက်ခန့်အထိ မိုးဆက်လက်ရွာသွန်းနေမည်ဟု ခန့်မှန်းထားကာ အာမက်ဒါဘတ်အပါအဝင် ခရိုင် ၂၉ ခုတွင် သတိပေးချက်ထုတ်ထားသည်။ တရားဝင်သတင်းထုတ်ပြန်ချက်များအရ မေလ ( ၄ )​ ရက်တနင်္ဂနွေနေ့တွင် မိုးကြိုးပစ်၍ လူတစ်ဦး ‌သေဆုံးခဲ့ပြီး မေလ ( ၅ )​ ရက်တနင်္လာနေ့တွင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းများကြောင့် ဒေသအများအပြား၌ ထိခိုက်ပျက်စီးမှုများ‌နေရာအနှံ့ဖြစ်ခဲ့ကာ လူ ၁၃ ဦး ‌သေဆုံးခဲ့သည်ဟု ဆိုသည်။ 


news-view-count-icon

21