back

ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့

May 08 • 4:04 AM

breaking-news

မြန်မာ

ရှမ်း

breaking-news
cover

ရှမ်းပြည်နယ်အရှေ့ပိုင်းမြို့နယ်အချို့၌ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၅ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်...

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၅ ရက် နံနက် ၇ နာရီခွဲတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်တွင် လီလောက်စေးမောင်းနှင်ပြီး လောက်စန်လိုက်ပါလာသည့် TOYOTA REVO ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁၉၈ ကီလိုကို ဖမ်းဆီးရမိခဲ့ပါတယ်။ ပူးပေါင်းအဖွဲ့သည် မေ ၄ ရက် ညနေ ၄ နာရီတွင် မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်တွင် ဆန်းဝင်းနိုင် မောင်းနှင်လာသည့် သုံးဘီးဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်းထံမှ စိတ်ပြောင်းဆေးဝါး Happy Water ၀ ဒသမ ၀၅ ကီလို (တစ်ကီလိုလျှင် ငွေကျပ်သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသ တန်ဖိုးငွေကျပ်သိန်း ၆၀) သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၅ နာရီတွင် ချမ်းမြသာစည် မြို့နယ်ထွန်တုံးရပ်ကွက်ရှိ သက်မင်းဆွေ (ခ) ကျန်ကျောင်း၏ နေအိမ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၄၈၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁၂၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် ၂၉၇၉ ဒသမ ၆ သိန်း) ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပါတယ်။



news-view-count-icon

19