back

ကရင်ပြည်နယ်၊ကော့ကရိတ်တွင်ကားတွေဝင်လို့ထွက်လို့မရဘဲ ပိတ်မိနေသည့်အတွက် ပြည်သူများ စားသောက်ရေး အခက်ကြုံနေ

May 08 • 4:02 AM

breaking-news

မြန်မာ

ကရင်

breaking-news
cover

ကရင်ပြည်နယ်၊ကော့ကရိတ်တွင်ကားတွေဝင်လို့ထွက်လို့မရဘဲ ပိတ်မိနေသည့်အတွက် ပြည်သူများ စားသောက်ရေး အခက်ကြုံနေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဒေသတွင်းခြေနေအရ ထွက်ခွာခွင့်မပေးတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြိ...

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်းက ထောင်နဲ့ချီတဲ့ ပြည်သူတွေကို ဒေသတွင်းခြေနေအရ ထွက်ခွာခွင့်မပေးတာကြောင့် နေထိုင်စားသောက်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ “နေရေးထိုင်ရေးမှာ စားသောက်ရေးက ဝယ်ရခြမ်းရတာခက်တာပေါ့။ ဈေးကြီးတာပေါ့။ စိတ်ညစ်ရတယ်။ အဓိက ကတော့ ဆန်တို့၊ ဆီတို့ ပဲပေါ့။ စားဆီတို့၊ ဓာတ်ဆီတို့ အဲဒါတွေက အခက်အခဲတော်တော်ဖြစ်နေတာ။ ဆန်ကတော့ လုံးဝဝယ်လို့မရတာ။ ကားတွေ ဝင်လို့မရဘူး။ ထွက်လို့လည်း မရဘူး။ အခက်အခဲဖြစ်တယ်လေ။ ကိုယ်တွေ ထွက်လို့ရရင် ထွက်မလိုဟာ ထွက်ဖို့က လွယ်တဲ့ကိစ္စမှ မဟုတ်တာ။”ဟုပြောပြလာပါတယ်။

news-view-count-icon

12