back

ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အုန်းသီးဈေးနှုန်း စံချိန်တင် မြင့်တက်

May 08 • 2:48 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန်မှုကြောင့် အုန်းသီးဈေးနှုန်း စံချိန်တင် မြင့်တက်

ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် အုန်းသီး အထွက်နှုန်း သိသိသာသာ လျော့ကျသွားသဖြင့် အုန်းသီး...

ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရာသီဥတုဖောက်ပြန်မှုနှင့် ပိုးမွှားကျရောက်မှုများကြောင့် အုန်းသီး အထွက်နှုန်း သိသိသာသာ လျော့ကျသွားသဖြင့် အုန်းသီးဈေးနှုန်းများ စံချိန်တင် မြင့်တက်လာကြောင်း သိရသည်။ ဗီယက်နမ်နိုင်ငံ၏ အုန်းသီး အဓိက တင်ပို့သူ Vina T&T သည် ခြံဈေးတွင် အုန်းသီး တစ်ဒါဇင်လျှင် အမေရိကန်ဒေါ်လာ ၈.၄၇ အထိ ပေး၍ ဝယ်ယူနေရပြီး ယခင်က ပေးခဲ့ဖူးသည့် ဈေးနှုန်းများထက် အမြင့်ဆုံး ဖြစ်သည်။ ယခုနှစ် အုန်းသီး ပေါက်ဈေးသည် ယခင်နှစ်ထက် နှစ်ဆကျော် မြင့်တက်လာပြီး ကုန်သည်များသည် အုန်းသီးရရှိရန် အခက်အခဲများစွာ ရင်ဆိုင်နေရသည်။


news-view-count-icon

15