မန်ယူနိုက်တက်နည်းပြ အာမိုရင်မ်က ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းနှင့် သတင်းထွက်နေသည့် အသင်းကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်အား အသင်းတွင် ဆက်ထိန်းထားလိုကြောင်း ပြောကြားခဲ့သည်။ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းသည် အသက် (၃၀)အရွယ် ပေါ်တူဂီလက် ရွေးစင်ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်အား တစ်နှစ်လစာ ပေါင် (၆၅)သန်းဖြင့် ကမ်းလှမ်းထားကြောင်း သိရသည်။ယင်းပမာဏမှာ မန်ယူနိုက်တက်တွင် တစ်နှစ်လစာ ပေါင် (၁၅.၆)သန်းသာ ရရှိနေသည့် ဘရူနိုဖာနန်ဒက်စ်အတွက် မက်လောက်စရာဖြစ်နေကြောင်း မီဒီယာများက ဖော်ပြနေကြသည်။



