ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ဖို့အတွက် ကာဒီနယ်တွေဟာ ဗာတီကန်မှာ စုဝေးခဲ့ပြီး မဲပေးရွေးချယ်မှု ပထမအကြိမ်မှာ ပုပ်ရဟန်းမင်းကြီးအသစ်ကို ရွေးချယ်မှု မအောင်မြင်ခဲ့ကြောင်း Sistine Chapel ကျောင်းဆောင်ရဲ့ ခေါင်းတိုင်ကနေ အနက်ရောင်မီခိုးတွေနဲ့ အချက်ပြခဲ့ပါတယ်။ဒီရွေးချယ်မှုအတွက် ကာဒီနယ် ၁၃၃ ပါးဟာ ၃ နာရီ ၁၅ မိနစ်ကြာ တံခါးပိတ်အစည်းအဝေးနဲ့အတူ ရွေးချယ်မှု ပြုလုပ်ခဲ့ကြပြီး စိန့်ပီတာရင်မြင်မှာတော့ လူထောင်ပေါင်းများစွာ စုဝေးရောက်ရှိပြီး ရလဒ်ကို စောင့်မျှော်ခဲ့ကြပါတယ်။



