ထိုင်း ပညာရေး ဝန်ကြီးဌာနက လူငယ်တွေအကြားမှာ Vape သောက်သုံးမှု မြင့်မားလာတာကို တိုက်ဖျက်ဖို့အတွက် ဌာနက ဖွင့်ထားတဲ့ ကျောင်းနဲ့ ပညာရေးရုံး အားလုံးမှာ Vape (E-cigarette) သောက်သုံးတာကို ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အစိုးရပြောရေးဆိုခွင့်ရှိသူ Karom Polpornklang က ဝန်ကြီးဌာနဟာ လွယ်ကူစွာ ဝယ်ယူနိုင်မှုနဲ့ လူငယ်တွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းကြော်ငြာတွေကြောင့် လူငယ်တွေဟာ Vape ကို ပိုမို သောက်သုံးလာကြတာကို လေ့လာတွေ့ရှိထားတယ်လို့ ပြောပါတယ်။



