ရန်ကုန်မြို့တွင် အမေရိကန်အပါအဝင် နိုင်ငံ (၈)နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ “Cultural Connection” ပွဲကို မေလ (၁၆) ရက်မှ (၂၅) ရက်အတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဖော်ပြခဲ့သည်။ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့၏ သံရုံးများနှင့် ယဉ်ကျေးမှုစင်တာများသည် ထိုနိုင်ငံများ၏ ယဉ်ကျေးမှုများနှင့် သက်ဆိုင်ရာ အကြောင်းအရာများကို လေ့လာနိုင်ရန် ပွဲကို စီစဉ်ထားသည်။ပွဲများကို တမူထူးခြားသော တွေ့ကြုံခံစားမှုများနှင့် ထိတွေ့ဆက်ဆံမှုများကို ပေးမည်ဖြစ်ပြီး၊ ပွဲကျင်းပမည့် နေရာအသီးသီးနှင့် အစီအစဉ်အတွက် နောက်ဆုံးရ အချက်အလက်များကို US Embassy Rangoon Page တွင် ကြည့်ရှုနိုင်သည့်အပြင်၊ စိတ်ပါဝင်စားသူများကို သံရုံး/စင်တာများသို့ တက်ရောက်ကြည့်ရှု့ရန် ဖိတ်ခေါ်လျက်ရှိသည်။



