ကျောက်ဆည်မြို့ရှိ ကြံ့နှစ်ကောင်ဘိလပ်မြေစက်ရုံမှ ထုတ်လုပ်မည့် နေ့စဉ်ထွက်ရှိသောဘိလပ်မြေများကို မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့သောငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများ ခံခဲ့ရသောဒေသများသို့ ဦးစားပေးဖြန့်ဖြူး ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းလုပ်ငန်းစဉ်သည် ပြန်လည်တည်ဆောက်ရေးအတွက်လိုအပ်သည့်အခြေခံဆောက်လုပ်ရေးပစ္စည်းများထဲမှတစ်ခုဖြစ်သည့် ဘိလပ်မြေကို စဉ်ဆက်မပြတ် ရရှိစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။



