ထရမ့်အစိုးရက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေ ကိုယ့်သဘောနဲ့ကိုယ် အမေရိကန်ကနေ ထွက်ခွာ ရင် ဒေါ်လာ ၁၀၀၀ ထောက်ပံ့ကြေးငွေနဲ့ လေယာဉ်လက်မှတ်ခ အလကားပေးသွားမယ်လို့ အမိမြေ လုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ထွက်ခွာလိုသူတွေအနေနဲ့ CBP Home အက်ပ်ကနေ အကြောင်းကြားရမှာဖြစ်ပြီး ဒီအစီအစဉ်မှာ ပါဝင်သူတွေကို ဖမ်းဆီးထိန်းသိမ်းမယ့်စာရင်းကနေ အဆင့်လျှော့ချပေးသွားမှာဖြစ်သလို မိမိသဘောနဲ့ ထွက်ခွာသွားကြောင်း အတည်ပြုလိုက်တာနဲ့ ထောက်ပံ့ကြေးငွေ ရရှိမှာ ဖြစ်ပါတယ်။



