back

တိုက်ကြီးမြို့နယ်က ကလေးငယ် ၂ ဦး ကို ရက်စက်စွာ သတ်ခဲ့ရာတွင် ပါဝင်သူ နောက် ၁ ဦး အား ဖမ်းဆီး စစ်ဆေးနေ

May 07 • 4:49 PM

breaking-news

မြန်မာ

ရန်ကုန်

cover

တိုက်ကြီးမြို့နယ်က ကလေးငယ် ၂ ဦး ကို ရက်စက်စွာ သတ်ခဲ့ရာတွင် ပါဝင်သူ နောက် ၁ ဦး အား ဖမ်းဆီး စစ်ဆေးနေ

ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာ အုပ်စု ပိုက်လုံးစုကျေးရွာ ရာဘာခြံအနီး၌ ဧပြီလ ၂၈ ညပိုင်းက ကလေးငယ် ၂ ဦးကို ရက်စက်စွာသတ်သွားသူအား ဖမ်းဆီး စစ်ဆေ...


န်ကုန်တိုင်း တိုက်ကြီးမြို့နယ် လိမ္မော်ခြံကျေးရွာ အုပ်စု ပိုက်လုံးစုကျေးရွာ ရာဘာခြံအနီး၌ ဧပြီလ ၂၈ ညပိုင်းက ကလေးငယ် ၂ ဦးကို ရက်စက်စွာသတ်သွားသူအား ဖမ်းဆီး စစ်ဆေး နေကြောင်း သိရသည်။သက်ဆိုင်ရာ၏ စစ်ဆေးချက်အရ အခင်းဖြစ်ည ၁၀ နာရီခန့်က ရာဘာခင်းခြံစောင့် မျိုးနိုင်က ရာဘာခြံအတွင် ကလေးငယ်နှစ်ဦး တွေ့ရှိရ၍ သွားရောက်ကြည့်စဥ် အဆိုပါ ကလေးနှစ်ဦးက ၎င်းအား လေးဂွဖြင့် ပစ်ခတ်သဖြင့် စိတ်ဆိုးဒေါသဖြစ်ကာ ဓါးမဖြင့် ခုတ်သတ် ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ဖြစ်စဥ် အား တွေ့ရှိခဲ့သည့် မျက်မြင် သက်သေ တစ်ဦးမှ ကလေး ၂ ယောက်ကိုသတ်ခဲ့ရာတွင် မျိုးနိုင်၏ သားအကြီးဖြစ်သူ ရဲပိုင်ဦး လည်း ပါဝင်ကြောင်း ပြောပြသိရ၍ ပြစ်မှု ကျူးလွန်သည့် မျိုးနိုင် ၄၇ နှင့် ၎င်း၏ သားဖြစ်သူ ရဲပိုင်ဦး အား တိုက်ကြီးမြို့မရဲစခန်းမှ (ပ)၇၄/၂၀၂၅ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးနေ​ပြီး ပြစ်မှုကျူးလွန်သူ သားဖ ၂ ဦးအား ထိရောက်သည့် ပြစ်ဒဏ် ပေးနိုင်ရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။



news-view-count-icon

11