back

အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံရင်း သတိလစ်မလိုပါ ဖြစ်သွားခဲ့တဲ့ အင်တာရဲ့ သူရဲကောင်းကြီး ဖရာတက်စီ

May 07 • 2:55 PM

breaking-news

မြန်မာ

ပြည်ပ

cover

အနိုင်ဂိုးသွင်းပြီး အောင်ပွဲခံရင်း သတိလစ်မလိုပါ ဖြစ်သွားခဲ့တဲ့ အင်တာရဲ့ သူရဲကောင်းကြီး ဖရာတက်စီ

အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်ဗီဒီ ဖရာတက်စီဟာ ဆန်စီရိုကွင်းကြီးမှာ ဘာစီလိုနာကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အနိုင်ဂိုး သွင်းယူပြီးနောက် အလွန်အကျွံ ပြင်း...

အင်တာမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဒယ်ဗီဒီ ဖရာတက်စီဟာ ဆန်စီရိုကွင်းကြီးမှာ ဘာစီလိုနာကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် အနိုင်ဂိုး သွင်းယူပြီးနောက် အလွန်အကျွံ ပြင်းထန်စွာ အောင်ပွဲခံခဲ့ရာမှာ သတိလစ်မလို ဖြစ်ခဲ့ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။ အီတလီကွင်းလယ်လူ ဖရာတက်စီဟာ အင်တာမီလန်အသင်းအတွက် အဆိုပါ ဒရာမာအပြည့်နဲ့ ညချမ်းမှာ တကယ့်ပွဲအနိုင်ဂိုးရှင် သူရဲကောင်း ဖြစ်ခဲ့ပါတယ်။ သူဟာ အရံခုံကနေ လူစားဝင်လာပြီး ပွဲပြီးခါနီးမှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီဂိုးကြောင့် အင်တာမီလန်ဟာ ဘာစီလိုနာကို ၄-၃ (စုစုပေါင်းနှစ်ကျော့ ၇-၆ )နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲဆီကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။



news-view-count-icon

9