မလေးရှားနိုင်ငံမှ တရုတ်သို့ ဒူးရင်းတင်ပို့သည့်ပမာဏသည် ယခုနှစ်တွင် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကြား တိုးလာမည်ဟု မလေးရှားနိုင်ငံ ကုန်သည်ကြီးများအသင်းနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ Loh Wee Keng က ခန့်မှန်းထားသည်။ အထူးသဖြင့် Musang King နှင့် D24 ကဲ့သို့သော ပရီမီယံ ဒူရင်းမျိုးကွဲများအတွက် တရုတ်စားသုံးသူများ၏ ၀ယ်လိုအားသည် မလေးရှားမှ တင်ပို့သည်ထက် သာလွန်နေသေးကြောင်း Loh Wee Keng က ပြောကြားသည်။ တရုတ်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ အဆိုအရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံသို့ မလေးရှားနိုင်ငံမှ ဒူးရင်းသီး အမေရိကန်ဒေါ်လာ ၂၁၂.၀၅ သန်းဖိုးရှိ ကီလိုဂရမ် ၁၉.၂၅ သန်း တင်သွင်းခဲ့သည်။



