back

AYA Pay အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ခွန်ချိုထူး ရရှိ

May 07 • 2:00 PM

breaking-news

မြန်မာ

ရန်ကုန်

cover

AYA Pay အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်လူ ခွန်ချိုထူး ရရှိ

MNL (U-21) Youth League 2025 အမှတ်ေပး ဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲ အဖြစ် မေ ၇ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့...

MNL (U-21) Youth League 2025 အမှတ်ေပး ဘောလုံးပြိုင်ပွဲ (Week-2) ပွဲစဉ်တစ်ပွဲ အဖြစ် မေ ၇ ရက်(ယနေ့)၊ ညနေက YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ ကစားခဲ့ကြပြီး ယင်းပွဲတွင် AYA Pay Man of The Match အကောင်းဆုံး ကစားသမားဆုကို ရန်ကုန်ယူနိုက်တက် ကွင်းလယ်ကစားသမား ခွန်ချိုထူးက ရရှိခဲ့ သည်။ 

ရန်ကုန်ယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ ပွဲတွင် ရန်ကုန်ယူနိုက်တက် အသင်း က ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက် ကွင်းလယ် ကစား သမား ခွန်ချိုထူး(ကျောနံပါတ်-၇)သည် ခြေစွမ်းပေါ်လွင်ခဲ့သည့်အပြင် အသင်းအတွက် သွင်းဂိုးတစ်ဂိုးကိုလည်း သွင်းယူပေးခဲ့သည့်အတွက် AYA Pay မှ ချီးမြှင့်သည့် AYA Pay Man of the Match အကောင်းဆုံး ကစားသမားဆုကို ရရှိ ခဲ့ခြင်းဖြစ်သည်။ ခွန်ချိုထူးသည် အကောင်းဆုံးကစားသမားဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်း ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ်တို့ကို ရန်ကုန်ယူနိုက်တက်အသင်း စီအီးအို ဦးလွင်မိုးက ချီးမြှင့် ပေးခဲ့သည်။ 




news-view-count-icon

10