back

ငလျင်ဒဏ် သင့်ခဲ့တဲ့ မန္တလေးမှာ ကုန်ကျစရိတ်များလို့ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေ

May 07 • 1:56 PM

breaking-news

မြန်မာ

မန္တလေး

cover

ငလျင်ဒဏ် သင့်ခဲ့တဲ့ မန္တလေးမှာ ကုန်ကျစရိတ်များလို့ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေ

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်ချီ ရှိခဲ့သလို အဆောက်အဦး အများစု ပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေတယ်လို့ မြို့ခံတွေ...

ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်ချီ ရှိခဲ့သလို အဆောက်အဦး အများစု ပျက်စီးခဲ့တဲ့ မန္တလေးမြို့မှာ ပျက်စီးသွားတဲ့ နေအိမ်တွေ ဖြိုချဖို့ အခက်အခဲ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ဖြိုချဖို့ စည်ပင်ကို စာရင်းသွင်းရင် ငွေကုန်ကျတာ နည်းပေမဲ့ ကြန့်ကြာမှုနေတာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် ဖြိုချရာမှာလည်း နေအိမ်အပေါ် မူတည်ပြီး သိန်းဆယ်ချီကနေ ရာနဲ့ချီ ပေးရတယ်လို့ မြို့ခံတွေက ပြောဆိုပါတယ်။ငလျင်လှုပ်ခတ်မှုဖြစ်ပြီး ၁ လကျော် ကြာတဲ့အထိ မန္တလေးမှာ ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေပြီး မရှင်းလင်းနိုင်သေးတဲ့ အဆောက်အဦးအများစု ကျန်ရှိနေပြီး အပျက်အစီးတွေကြား တဲထိုးပြီးတော့ နေထိုင်နေသူတွေ ရှိနေပါတယ်။



news-view-count-icon

7