၃ ရက်နေ့ ညနေ ၅ နာရီအချိန်ခန့်က ဇဗ္ဗသီရိမြို့နယ်၊ရွေကြာပင်ရပ်ကွက်ရှိ တည်းခိုခန်းကို မူးယစ် ဆေးဝါးများနှိမ်နှင်းအဖွဲများမှ သတင်းအရ ဝင်ရောက်ရှာဖွေရာ တည်းခိုနေထိုင်သူ သက်နိုင်ထွန်း၊မစုမြတ် ဖြိုး၊ မပုံဖြိုးဝေ(ခ) ဂျူးဂျူးတို့နှင့်အတူ Happy Water အလေးချိန် ၉၂၅ ဂရမ် (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉၂၅ သိန်း)၊ ကတ်တမင်း အလေးချိန် ၂.၅ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ သိန်း)၊ အက်တက်စီ ဆေးပြား ၂ ပြား (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁ သိန်း )နှင့် လက်ကိုင်ဖုန်း ၄ လုံးတို့ကို တွေ့ရှိ သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသူများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ အရအမှုဖွင့်အရေးယူးထားကြောင်း သိရသည်။
နေပြည်တော်ရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေသူ သုံးဦးထံမှ Happy Water များ ဖမ်းမိ
May 07 • 1:53 PM
မြန်မာ
နေပြည်တော်
မျှဝေမည်
2 | 0 | 0 | 0 |