back

ယမန်နေ့ညက ငလျင်လှုပ်ပြီးရန်ကုန်ယုဇနဥယျာဉ်အိမ်ရာရှိ အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်

May 07 • 1:37 PM

breaking-news

မြန်မာ

ရန်ကုန်

cover

ယမန်နေ့ညက ငလျင်လှုပ်ပြီးရန်ကုန်ယုဇနဥယျာဉ်အိမ်ရာရှိ အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေ ဖြစ်ပေါ်

ရန်ကုန်တိုင်း လှည်းကူးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်လှုပ်ပြီး နောက် ဒဂုံဆိပ်ကမ်းမြို့နယ်က ယုဇနဥယျာဉ်အိမ်ရာက အထပ်မြင့်တိုက...

ရန်ကုန်တိုင်း လှည်းကူးမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိငလျင်လှုပ်ပြီး နောက် ဒဂုံဆိပ်ကမ်းမြို့နယ်က ယုဇနဥယျာဉ်အိမ်ရာက အထပ်မြင့်တိုက်အချို့ အက်ကွဲကြောင်းတွေဖြစ်ပေါ် ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူအချို့က ပြောပါတယ်။မေလ ၆ ရက်နေ့ မြန်မာစံတော်ချိန် ၁၀နာရီ ၅၅မိနစ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားရစ်(ခ်)တာစကေး (၃.၄) အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခုလှုပ်ခတ်သွားပြီးနောက် အထပ်မြင်းတိုက်ခန်းအချို့တွင် အက်ကွဲကြောင်းတွေ ပေါ်လာတာဖြစ်တယ်လို့ သိရပါတယ်။ယုဇနဥယျာဉ်မြို့တော် C ဘလောက်ရပ်ကွက်ရှိ တိုက်ခန်းအချို့တွင်လည်း ငလျင်ကြောင့် အက်ကွဲရာတချို့ ဖြစ်ပေါ်ခဲ့ပေမယ့် လူထိိခုက်မှုတော့ မရှိခဲ့ဘူးလို့ သူကပြောပါတယ်။



news-view-count-icon

13