ယနေ့ မေလ ၇ ရက် ညနေက ပဒုမ္မာကွင်း၌ ကျင်းပခဲ့သော MNL (U-21) Youth League 2025 Week-2 ပွဲစဉ်တွင် Shan Utd အသင်းက I.S.P.Eအသင်း ကို တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ထိုပွဲစဉ်၏ AYA Pay အကောင်းဆုံးဆုကို Shan Utd အသင်းမှ ဂိုးသမား ဇင်လင်းထက် က ရရှိခဲ့သည်။AYA Pay Man of the Match အကောင်းဆုံးကစားသမားဆုအတွက် ဆုတံဆိပ်နှင့် ဆုငွေကျပ်တစ်သိန်းရရှိပြီး အဆိုပါဆုကို ယနေ့ပွဲစဥ်၏ ပြိုင်ပွဲကြီးကြပ်သူ ဦးရဲမင်းဦး က ချီးမြှင့်ပေးခဲ့သည်။



