ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ဖားပြိုကျေးရွာမှာ အသက် ၉ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ယမန်နေ့ မေလ ၆ ရက်၊ နေ့လယ်အချိန်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပြီး အဓမ္မပြုကျင့် သတ်ဖြတ်ခံရတဲ့ အမျိုးသမီးငယ်ရဲ့ ရိုက်နက်ဒဏ်ရာနဲ့ သေဆုံးတဲ့ ရုပ်အလောင်းကို ရွာအနီးစပ် သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တွဲချထားခဲ့တာဖြစ်ပါတယ်။"အလောင်းကိုတွေ့တော့ တစ်ကိုယ်လုံး ရိုက်နှက်ထားတဲ့ ဒဏ်ရာနဲ့ သစ်ပင်တစ်ပင်မှာ ကြိုးနဲ့ချည်ပြီး တွဲချထားတာ တွေ့တယ်။ ဦးခေါင်းမှာလည်း မာကျော့(သစ်သား၊သံ)အရာနဲ့ ထုရိုက်ထားတဲ့ ဒဏ်ရာအများပြား တွေ့ရတယ်။ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်သွားတာပါ”လို့ ဖြစ်စဥ်သိရှိသူ ဒေသခံတစ်ဦးက ပြောပါသည်။



