(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှပြိုင်ပွဲအတွက် ပဏာမလက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားများအနေဖြင့် သုဝဏ္ဏပိုက်ကျော်ခြင်း လေ့ကျင့်ရေးရုံ၌ စခန်းသွင်းလေ့ကျင့်မှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။အဆိုပါ စခန်းသွင်း လေ့ကျင့်မှုများအား အားကစားနှင့် ကာ ယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် မြန်မာ နိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဥက္ကဋ္ဌ တို့ က အမျိုးသား (၄) ယောက်တွဲပြိုင်ပွဲနှင့် Mixed Quadrant ပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။



