သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ကေတုမတီမြို့သစ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၈၉) သစ်စက်သို့ သွားရောက်၍ သစ်စက်အတွင်း သစ်ခွဲသားများခွဲစိတ် ဆောင်ရွက်နေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး သစ်မျိုးအလိုက်၊ သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ဆောင်ရွက်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်း အများဆုံးဖြစ်အောင် ကြိုးပမ်းဆောင်ရွက်သွားရန်မှာကြားသည်။ 
သစ်စက်အတွင်း သစ်ခွဲသားအရွယ်အစားအလိုက် ခွဲစိတ်ခြင်းကို စနစ်တကျဆောင်ရွက်သွားရန်၊ သစ်အလေအလွင့်အနည်းဆုံးနှင့် ခွဲသားထွက်ရာခိုင်နှုန်းအများဆုံးဖြစ်စေရန် ကြိုးပမ်းဆောင်ရွက်
May 07 • 10:03 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 15 | 0 | 0 | 0 |


