ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်၍ ဗုဒ္ဓါဘိသေကအနေ ကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာအား မေ ၁၅ ရက်တွင် ဆင်ယင်ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။အဆိုပါ မင်္ဂလာအခမ်းအနားများအား မေ ၁၅ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်၍ ရွှေသင်္ကန်းအလှူရှင်များတက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရသည်။



