back

အိန္ဒိယ၏တိုက်ခိုက်မှုကို လွန်စွာစိုးရိမ်မကင်းဖြစ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ပြောကြား

May 07 • 9:16 AM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယ၏တိုက်ခိုက်မှုကို လွန်စွာစိုးရိမ်မကင်းဖြစ်ကြောင်းကုလသမဂ္ဂအတွင်းရေးမှူးချုပ်အန်တိုနီယိုဂူတာရက်စ်ပြောကြား

ပါကစ္စတန်နှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသကို အိန္ဒိယက စစ်ဆင်ရေး လုပ်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လွန်စွာစိုးရိ...

ပါကစ္စတန်နှင့် ပါကစ္စတန်အုပ်ချုပ်သည့် ကက်ရှ်မီးယားဒေသကို အိန္ဒိယက စစ်ဆင်ရေး လုပ်ခြင်းနှင့်ပတ်သက်၍ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က လွန်စွာစိုးရိမ်မကင်းဖြစ်ကြောင်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူက မေလ၆ရက်နေ့တွင် ပြောကြားခဲ့ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့အနေဖြင့် စစ်မက်ရေးရာတွင် အတတ်နိုင်ဆုံးချုပ်တည်းကြရန် တောင်းဆိုလိုက်သည်။ “ထိန်းချုပ်ရေးမျဉ်းနဲ့နိုင်ငံတကာနယ်စပ်ကို ဖြတ်ကျော်ကာ အိန္ဒိယက စစ်ဆင်ရေးပြုလုပ်ခြင်းနဲ့ပတ်သက်လို့ အတွင်းရေးမှူးချုပ်က အတော်လေးစိုးရိမ်နေပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ စစ်ရေးမှာ အထူးချုပ်တည်းကြဖို့ သူက တောင်းဆိုလိုက်ပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။“အိန္ဒိယနဲ့ ပါကစ္စတန် တို့ စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုကို ကမ္ဘာကလက်ခံနိုင်စွမ်းမရှိပါဘူး” ဟုလည်း သူက ပြောကြားခဲ့သည်။


news-view-count-icon

14