back

ကွမ်းလုံ၊ သိန္နီ တွေဘက် တရုတ် ဖုန်းလိုင်းရလာပြီးနောက် MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်နေ

May 07 • 8:50 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ကွမ်းလုံ၊ သိန္နီ တွေဘက် တရုတ် ဖုန်းလိုင်းရလာပြီးနောက် MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်နေ

ကွမ်းလုံ၊ သိန္နီ တွေဘက်၌ အခု မေလ ကစ တရုတ် ဖုန်းလိုင်း ရလာလို့ ဒီရက်ပိုင်းအတွင်း MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ကွမ်းလုံ...

ကွမ်းလုံ၊ သိန္နီ တွေဘက်၌ အခု မေလ ကစ တရုတ် ဖုန်းလိုင်း ရလာလို့ ဒီရက်ပိုင်းအတွင်း MPT ဖုန်းလိုင်း ဆက်သွယ်ရေး မကောင်းဖြစ်လာကြောင်း ဒေသခံတွေဆီက သိရပါတယ်။ "ကွမ်းလုံ၊ သိန္နီ တွေမှာ တရုတ်ဖုန်းလိုင်း သုံးလို့ရပြီး Sim Card တစ်ခု ကျပ် ၂၀၀၀၀၊ ဖုန်းငွေက တစ်လ တရုတ်ငွေ ယွမ် ၄၀ ကနေ ဝယ်ဖြည့်လို့ရကာ တရုတ်ဖုန်းလိုင်း ရလာတာနဲ့ MPT ဖုန်းလိုင်း လုံးဝ မကောင်းတော့ဘူး" လို့ ဒေသခံ အမျိုးသား တစ်ယောက်က ပြောပါတယ်။ ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲ အတွင်းက တချို့ရွာတွေဘက်မှာလည်း တရုတ် ဖုန်းလိုင်း ကြိုးတွေ ဆင်နေတာတွေ့ရပြီလို့ ဒေသခံတွေက ပြောပြီးလားရှိုးအထက်ပိုင်း ဒေသတွေမှာ တရုတ်နိုင်ငံသားတွေရောက်လာပြီး ဒေသခံတွေရဲ့ လုပ်ငန်း အတော်များများ တရုတ် ကန်ထရိုက်ဆွဲ ကုန်တာကြောင့် သာမန် ဒေသခံ ပြည်သူတွေအနေနဲ့ အခက်အခဲ ကြုံလာနေတယ်လို့ သူက ပြောပါတယ်။




news-view-count-icon

27