back

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်းခရိုင်၊မယ့်ဖရစ် စစ်ဆေးရေးဂိတ်တွင် ICE ၃၀၀ ကီလိုဂရမ် ဖမ်းမိ

May 07 • 8:36 AM

breaking-news

မြန်မာ

ပြည်ပ

cover

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်းခရိုင်၊မယ့်ဖရစ် စစ်ဆေးရေးဂိတ်တွင် ICE ၃၀၀ ကီလိုဂရမ် ဖမ်းမိ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်းခရိုင်၊ မယ့်ဖရစ်ရှိ စစ်ဆေးရေးဂိတ်ကို မေ ၅ ရက် ဒေသစံတော်ချိန် မွန်လွဲ ၃ နာရီ ၃၆ မိနစ်တွင် ဖြတ်မောင်းလာသော ဘန်ကောက်လိုင်စင်နံပါတ...

ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်းခရိုင်၊ မယ့်ဖရစ်ရှိ စစ်ဆေးရေးဂိတ်ကို မေ ၅ ရက် ဒေသစံတော်ချိန် မွန်လွဲ ၃ နာရီ ၃၆ မိနစ်တွင် ဖြတ်မောင်းလာသော ဘန်ကောက်လိုင်စင်နံပါတ်နှင့် ကား ၂ စီကို စစ်ဆေးရာ ICE မူးယစ်ဆေးဝါး ကီလိုဂရမ် ၃၀၀ ကို သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။အဖြူရောင် SUV ကားနှင့် အပြာရောင် Van ကားတစ်စီးသည် ရှေ့ဆင့်နောက်ဆင့်မောင်းနှင်လာပြီး စစ်ဆေးရာ ကားအပြာပေါ်တွင် အိတ် ၁၂ အိတ်နှင့်ထည့်ထားသည့် ICE ၃၀၀ ကီလိုဂရမ်ကို ဖမ်းဆီး ရမိခြင်းဖြစ်သည်။ကား ၂ စီးတွင် ဘန်ကောက်၌ နေထိုင်ကြသော ၂၁ နှစ်နှင့် ၄၃ နှစ်ကြား အမျိုးသား ၄ ဦးနှင့် ၃၈ နှစ် အရွယ် အမျိုးသမီးတစ်ဦးတို့ကိုပါ ဖမ်းဆီးခဲ့ပြီး မယ့်ဖရစ် ရဲစခန်းသို့ ခေါ်ဆောင်စစ်ဆေးနေသည်ဟု သိရသည်။


news-view-count-icon

22