ယူနိုက်တက်အသင်းရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ တိုက်စစ်မှူး အမ်ဘူမိုဟာ နွေရာသီမှာ ဘရန်ဖို့ဒ်အသင်းကနေ ထွက်ခွာဖွယ်ရှိတယ်လို့ အသင်းခေါင်းဆောင် နော်ဂတ်က ပြောခဲ့ပါတယ်။ နော်ဂတ်က “အမ်ဘူမိုက နွေရာသီမှာ ထွက်ခွာဖို့ ဖြစ်နိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဝီဆာကိုတော့ လူတိုင်းက ဆက်နေနိုင်ဖို့ မျှော်လင့်နေပါတယ်။ ကျနော်ကတော့ ဒီရာသီအတွက် ပျော်ရွှင်နေသလို သူတို့နှစ်ဦးအတွက်လည်း ပျော်ရွှင်ပါတယ်။ သူတို့နဲ့ အလွန်ထိုက်တန်မှုရှိပါတယ်”လို့ ပြောခဲ့ပါတယ်။



