ဒိန်းမတ် ကွန်တိန်နာသင်္ဘောလိုင်း Maersk သည် ကွန်တိန်နာအရောင်ကို ၅၁ နှစ်ကြာ မီးခိုးရောင် သုံးစွဲခဲ့ရာမှ အပြာရောင် ပြောင်းလဲသုံးစွဲသည်။တရုတ်နိုင်ငံတွင် ထုတ်လုပ်သည့် အပြာရောင်ကွန်တိန်နာ ၈၅,၀၀၀ ကို စတင် အသုံးပြုသည်။အဖြူရောင်ကို အအေးပေး ကွန်တိန်နာ refrigerated (reefer) container များအတွက် သုံးစွဲခြင်းမှာ အပြောင်းအလဲ မလုပ်ဘဲ အဖြူရောင်ကို ဆက်လက် သုံးစွဲသည်။Maersk သည် ကုန်းလမ်း၊ ရေကြောင်းနှင့် လေကြောင်း ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်။ ၂၀၂၃ ခုနှစ်ကစ၍ အသစ်တည်ဆောက်ထားသော Maersk သင်္ဘောများသည် သင်္ဘောကိုယ်ထည်တွင် အဖြူရောင်ကို ပြောင်းလဲ သုံးစွဲသည်။
May 07 • 7:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 17 | 0 | 0 | 0 |


